Saturday, August 15, 2020

ကျေက်စိမ်းအရည်ဝင်ပုံ (အရည်များအကြောင်း)

ဂျေဒိုက်ကျောကိစိမ်းတွင်အစိမ်းရည်ဝင်ပုံများကို
လေ့လာကြည့်သောအခါအစိမ်းရောင်အတည့်
အရည်ဟူ၍တွေ့ရဖို့ခဲယဉ်းလှပါသည်။
အစိမ်းရောင်ကို အပြာရောင်ရောနှောခြင်း  ပြာစိမ်း
အစိမ်းရောင်ကို အဝါရောင်ရောနှောခြင်း ကို ဝါစိမ်း
အစိမ်းရောင်ကို အညိုရောင်ရောနှောခြင်း ညိုစိမ်း
အစိမ်းရောင်ကို အမည်းရောင်ရောနှောခြင်း မည်းစိမ်း အဖြစ်တွေ့ကြရသည် ။
ကျောက်စိမ်းတွင် အစိမ်းရောင်တည့်တည့် အရည်သည်လွန်စွာတန်ဖိုး ကြီးလှပေသည် ။ ကျောက်အလုံးပေါင်းထောင်သောင်းများမှတစ်လုံး
တစ်လေသာတွေ့ရတတ်သည် ။
အစိမ်းရောင်တွင်အဝါရောင်ရောနေလျှင် ''ပဲစိမ်း ''
ဟုခေါ်ကြသည်။
အဝါဘက်မှလာသောအစိမ်းကို''ပဲတက်''ဟုခေါ်ကြ
သည်။
အပြာဘက်မှလာသောအစိမ်းကိုမူ''လန့်တက်''
ဟုခေါ်သည်။အညိုနှင့်အမည်းရောသောအစိမ်းမှာမလှသဖြင့်
လူကြိုက်နည်းသည်။
အစိမ်းပုတ်မှာကန်စွန်းစိမ်းနှင့်တူသည်။
စိမ်းပုံစိမ်းနည်းများမှာကျောက်စိမ်းတစ်တုံးနှင့်
တစ်တုံးမတူပဲအခြားကာလာများအနည်းအများ
ရောနှောနေခြင်းကြောင့်တန်ဖိုးများကွာခြားလွန်း
လှသည်။

စိမ်းပြာ ( လန့်တက် )
>>>>>>>>>>>          
အပြာဘက်မှလာသောအစိမ်းကို ''လန့်တက်''
ဟုခေါ်ကြသည်။ စိမ်းပြာလန့်တက်ကို လောပန်းလောင်းများကြိုက်ကြသည်။
''လန့်တက်''သည် အလင်းရောင်ပမာဏအား
မကောင်းလျှင်မလှပေ။စိမ်းပြာ ''လန့်တက်''သည်
နေ့လည်နေရောင်တောက်တောက်တွင်ပို၍လှသည်။
အလင်းရောင်အားကောင်းသော နိုင်ငံများမှ
လောပန်းကြီးများကညို့နေသောအရည်ကြီး
''လန့်တက်'' ကိုပို ကြိုက်ကြသည်။
သို့သော်တော်ရုံတန်ရုံ လူကမူညို့့နေသော
လန့်တက်ကိုမကြိုက်ကြပေ။
အလင်းရောင်ပမာဏအားကောင်းလျှင်
''လန့်တက်''အရည်သည်အလှဆုံးအရည်ကြီးဖြစ်နေ
၍ ပိုကြိုက်ကြခြင်းဖြစ်သည်။ လန့်အပြာအရည်များ
လွန်းလျှင်လည်ကောင်းအညို များပါလျှင်လည်ကောင်း
ထိုကာလာကိုကျောက်ဝါးဟုခေါ်ကြသည်။
ကျောက်ဝါးသည် တာချီလိတ်ခွင်ဖြစ်သည်။
ကျောက်ဝါးကို အလင်းရောင်းကောင်းသောနေရာ
တွင် ပြရောင်းကြသည်။ အလင်းရောင်ပဏာကောင်းသောနေရာတွင်လှ၍
ပဏာမကောင်းသောနေရာတွင်လှချင်မှလှပေမည်။   
စိမ်းပြာရည်ကိုရွေနှင့်ကွင်းလျှင်ရွေ၏အဝါရောင်
ဟပ်မူ့ကြောင့်စိမ်းဝါရည်သို့ပြောင်းလဲပြီးအရည်
ပိုလှသည်။အလင်းရောင်အားကောင်းသောအရှေ့ တိုင်းသားများကပို၍ကြိုက်နှစ်သက်ကြသည်။ 

စိမ်းဝါ ( ပဲတက် )
>>>>>>>>>>>           
အဝါဘက်မှလာသောအစိမ်းကို''ပဲတက်"
ဟုခေါ်ကြသည် ။
အစိမ်းကို အဝါရောနေလျှင် "ပဲစိမ်း"ဟုခေါ်ကြသည်။
ယခုအတွေ့များသည်မှာ '' စိမ်းဝါ ''ပဲတက္ကိုသာ
တွေ့နေရသည်။
''ပဲတက်''သည်အဝါဘက်များလျှင်အဖြူ စက်ပါ
တတ်သည်။
မီးရောင်နေရောင်နှင့်ကြည့်မှဆန်ကိုတွေ့သည်။
အလင်းရောင်နည်းသောဒေသများမှာ စိမ်းဝါ ''ပဲတက်''ကိုပိုကြိုက်ကြသည်။
အစိမ်းတွင်အဝါရောနေသော အဝါရည်သန်သော စိမ်းဝါရည်သည် နံနက်နှင့် ညနေနေနုနုတွင်ပိုလှသည်။ ထိုအချိန်တို့တွင်တစ်ရည်ပိုတက်သည်။အစိမ်းပိုရင့်လာသည်။အရည်ကြီးရလာသည်။
''ပဲတက်''သည် နေရောင်နုနု ကို ပိုကြိုက်သည် ။
နေရောင်ရင့်သွားလျှင်'' ပဲတက်''သည် ကာလာလျော့သွားသည်။
စိမ်းဝါရည်ကိုရွေနှင့်ကွင်းလျှင်ရွေ၏အဝါရောင်ဟပ်မူ့
့ကြောင့်အရည်ပိုနုသွားတတ်သည်။ တစ်ရည်ပိုကျသွားတတ်သည် ။
ရွေနဲ့အထည်ခတ်မည်ဆိုလျှင်အောက်မှအလင်းမဝင်
နိုင်အောင် အိုးပိတ်ပုံလုပ်ရသည်။ စိမ်းဝါရောင်ကျောက်စိမ်းကိုအလင်းရောင်နည်းသော
ရာသီဥတုရှိသည့်အနောက်တိုင်းရင်းသားများက
ပို၍နှစ်သက်ကြသည်။

အစိမ်းတည့်အရည်ကြီး
>>>>>>>>>>>>>>>>>
အဝါမတိမ်း၊အပြာမတိမ်းဘဲအစိမ်းတွင်အဝါနှင့်
အပြာညီမျှစွာ ပါဝင်နေသော အစိမ်းရောင် အရည်တည့်သည် မည်သည့်အချိန် မည်သည့်နေရာတွင်
ဖြစ်စေ၊ နံနက် ၊ နေ့လည် ၊ ညေန၊ နွေမိုးဆောင်း မည်သို့ပြောင်းပြောင်း မည်သည့်အချိန်တွင်မဆို
လူကြိုက်များသော အရည်ဖြစ်သည်။
မည်သည့်အချိန်ကြည့်ကြည့် အစိမ်း ကာလာသည် ပြောင်းမသွား အရည်လျော့မသွားပဲ အစိမ်းတည့် အရည်အတိုင်းတွေ့ ရသည်။
ထိုသို့ အစိမ်းတည့်အရည်မျိုးကား
တွေ့ရဖို့ မလွယ်ကူပေ။ ရခဲလှပါသည်။

ပြန်လည် မျှဝေခြင်း ဖြစ်ပါသည် . . 


Wednesday, August 12, 2020

ကျောက်စိမ်းရိုင်းရေမဆေးလုံးစွပ်ခွဲခြားနည်းများ (၁)

👇

(က)    ကျောက်စိမ်းရိုင်းများကို လုံးစွပ်အတိုင်းအမျိုးအစားခွဲခြားနိုင်ရန် အောက်ဖော်ပြပါအချက်များကို ထည့်သွင်းစဉ်းစားတွက်ချက်ရမည် –

(၁)      အခွံရှိသည့်(လုံးစွပ်)ကျောက်စိမ်းများသည် တွေ့ရှိသည့်မှော်ဒေသ၊ ကျောက်လွှာ အနေ အထား၊ နေရာကိုလိုက်၍အရောင်အမျိုးမျိုး၊ အခွံအထူအပါးအမျိုးမျိုး တွေ့ရှိရပြီး အခွံ
အရောင်အလိုက်အမည်များ ခွဲခြားထားပါသည်။ (ဥပမာ-အပေါ်ယံ မြေမှန်နှင့် သံချေး ကြောလွှာတွင် တွေ့ရသော ခွံဝါ၊ ခွံဖြူ၊ ခွံနီ၊ သံချေးခွံ၊ ဖွဲနုခွံ၊ ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ သနပ်ခါးခွံများ၊ ကြက်သွေးကြောတွင်တွေ့ရသော ကြက်သွေးခွံ၊ မြင်းချေးခွံများနှင့် မြေပြာကြော၊ ကတေအမဲကြောလွှာမှ တွေ့ရသော မြေပြာခွံ၊ ဆာဖိ၊ ကတေ၊ ချော်မဲ၊ ချော်စိမ်းခွံများ၊ ချောင်းအနီးအနားနှင့် ချောင်းများအတွင်းရှိ အောက်ကြောလွှာများတွင် တွေ့ရသော မုံထုခွံ၊ ဝါးဖတ်ခွံ၊ အာလူးခွံ၊ သစ်တော်ခွံ၊ ခွံပေါက်၊ ခွံစိမ်း စသည်တို့ ဖြစ်သည်။)

(၂)      အခွံအမျိုးအစားတွင် ယမ်း(Crystal)ဖွဲ့သားကြီး၊ လတ်၊ သေး စသည့် ယမ်းအရွယ် အစား(စိပ်၊ ကျဲ၊ ကြပ်၊ ရွ၊ ညီ၊ မညီ) စသည့် ယမ်းဖွဲ့စည်းမှု (ကြမ်း၊ သင့်၊ နု) စသည့် ယမ်းအနေအထားများကို ခွဲခြားသတ်မှတ်ရသည်။

(၃)      ယမ်း(Crystal)ဖွဲ့စည်းပုံကျဲလျှင် ကျောက်သားပျော့ပြီး၊ ယမ်းနုပြီးဖွဲ့စည်းပုံစိပ်လျှင် ကျောက်သား ညက်ကာ ယမ်းအရွယ်အစားကြီးလျှင် ကျောက်သားညံ့တတ်သည်။

(၄)      ကုန်းကျောက်များတွင် အခွံညက်ခြင်း၊ ရွခြင်းရှိလျှင် ကျောက်သားကောင်းတတ်ပြီး အခွံ ကြမ်းခြင်း၊ မညီခြင်းရှိလျှင် ကျောက်သားညံ့တတ်သည်။

(၅)     ရေကျောက်တွင် အခွံညက်ခြင်း၊ ချောခြင်း၊ အဆီတက်ခြင်းရှိလျှင် ကျောက်သားကောင်း တတ်ပြီး အခွံကြမ်းခြင်း၊ မညီခြင်းရှိလျှင် ကျောက်သားညံ့တတ်သည်။

(၆)     ကတေကျောက်များတွင်ချော်ထူခြင်း၊ ကပ်ခြင်းရှိလျှင် ကျောက်သားပျက်တတ်ပြီး၊ ချော်ရွခြင်း၊ ပါးခြင်းရှိလျှင် ကျောက်သားကောင်းတတ်သည်။

(၇)     ငုတ်ဖဲ့ကျောက်စိမ်းများသည် အခွံမရှိဘဲ အဖြူရောင်၊ ဖယောင်းချော်တက်နေသည့် အနေ အထားတွေ့ရပြီး အတွင်းသားကို မြင်တွေ့ရသည့်အတွက် အစိမ်းရောင်၊ ခရမ်းရောင် ပါဝင်မှု ရှိ/မရှိ ထင်ရှားစွာမြင်ရ၍ အရည်ကျောက်၊ အထည်ကျောက်၊ အသားကျောက် အမျိုးအစားကို အလွယ်တကူသတ်မှတ်နိုင်ပါသည်။

ဆက်လက်ဖော်ပြပါမည်....

ကျောက်သမားမိတ်ဆွေအားလုံး မင်္ဂလာကျောက်ကောင်း ကျောက်မြတ်များ ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

သင်ဆရာ၊ မြင်ဆရာမျာ၊ ကြားဆရာ များအား လေးစားလျက်🙏🙏🙏

Crd to 👉👉👉ကျောက်စိမ်းတူးဖော်ရေး


ကျောက်စိမ်း Jade

ကျောက်စိမ်းကို အနောက်တိုင်းသားများက သိပ်အလေးအနက်မထားသော်ငြား အရှေ့ဖျားတိုင်းသားများ အထူးသဖြင့် တရုတ်အပါအဝင် ဂျပန် နှင့်ကိုးရီးယားတို့ တွင်အလွန်အရေးပါသည့် ကျောက်မျက်ဖြစ်သည်။
ကျောက်စိမ်းတွင် ဂျေဒိုက်(Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍အဓိကမျိုးကွဲနှစ်မျိုးရှိပြီးရူပဖွဲ့စည်းပုံသာတူညီ၍ ဓာတုဗေဒဖွဲ့စည်းပုံအပါအဝင်ကျန်အရည် အသွေးများမှာအလွန်ခြားနားလေ့ရှိပါသည်။ ကျောက်စိမ်း၏ဖွဲ့စည်းပုံမှာ အခြားကျောက်မျက်များနည်းတူ အစိုင်အခဲတစ်ခု(သို့မဟုတ်)နှစ်ခုတွဲ မဟုတ်ပဲ ကောက်ညှင်းပေါင်းကဲ့သို့ ကျောက်မှုန်လေးများစွာစုဖွဲ့ထားသည့်အစုအဝေးကြီးဖြစ်သည်။
ထိုအမှုန် လေးများကို မြန်မာဈေးကွက်တွင် “ယမ်း”ဟုခေါ်ဝေါ်ကြပါသည်။


ကျေက်စိမ်းအရည်ဝင်ပုံ (အရည်များအကြောင်း)

ဂျေဒိုက်ကျောကိစိမ်းတွင်အစိမ်းရည်ဝင်ပုံများကို လေ့လာကြည့်သောအခါအစိမ်းရောင်အတည့် အရည်ဟူ၍တွေ့ရဖို့ခဲယဉ်းလှပါသည်။ အစိမ်းရောင်ကို အပြာရောင်ရော...