👇
(က) ကျောက်စိမ်းရိုင်းများကို လုံးစွပ်အတိုင်းအမျိုးအစားခွဲခြားနိုင်ရန် အောက်ဖော်ပြပါအချက်များကို ထည့်သွင်းစဉ်းစားတွက်ချက်ရမည် –
(၁) အခွံရှိသည့်(လုံးစွပ်)ကျောက်စိမ်းများသည် တွေ့ရှိသည့်မှော်ဒေသ၊ ကျောက်လွှာ အနေ အထား၊ နေရာကိုလိုက်၍အရောင်အမျိုးမျိုး၊ အခွံအထူအပါးအမျိုးမျိုး တွေ့ရှိရပြီး အခွံ
အရောင်အလိုက်အမည်များ ခွဲခြားထားပါသည်။ (ဥပမာ-အပေါ်ယံ မြေမှန်နှင့် သံချေး ကြောလွှာတွင် တွေ့ရသော ခွံဝါ၊ ခွံဖြူ၊ ခွံနီ၊ သံချေးခွံ၊ ဖွဲနုခွံ၊ ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ သနပ်ခါးခွံများ၊ ကြက်သွေးကြောတွင်တွေ့ရသော ကြက်သွေးခွံ၊ မြင်းချေးခွံများနှင့် မြေပြာကြော၊ ကတေအမဲကြောလွှာမှ တွေ့ရသော မြေပြာခွံ၊ ဆာဖိ၊ ကတေ၊ ချော်မဲ၊ ချော်စိမ်းခွံများ၊ ချောင်းအနီးအနားနှင့် ချောင်းများအတွင်းရှိ အောက်ကြောလွှာများတွင် တွေ့ရသော မုံထုခွံ၊ ဝါးဖတ်ခွံ၊ အာလူးခွံ၊ သစ်တော်ခွံ၊ ခွံပေါက်၊ ခွံစိမ်း စသည်တို့ ဖြစ်သည်။)
(၂) အခွံအမျိုးအစားတွင် ယမ်း(Crystal)ဖွဲ့သားကြီး၊ လတ်၊ သေး စသည့် ယမ်းအရွယ် အစား(စိပ်၊ ကျဲ၊ ကြပ်၊ ရွ၊ ညီ၊ မညီ) စသည့် ယမ်းဖွဲ့စည်းမှု (ကြမ်း၊ သင့်၊ နု) စသည့် ယမ်းအနေအထားများကို ခွဲခြားသတ်မှတ်ရသည်။
(၃) ယမ်း(Crystal)ဖွဲ့စည်းပုံကျဲလျှင် ကျောက်သားပျော့ပြီး၊ ယမ်းနုပြီးဖွဲ့စည်းပုံစိပ်လျှင် ကျောက်သား ညက်ကာ ယမ်းအရွယ်အစားကြီးလျှင် ကျောက်သားညံ့တတ်သည်။
(၄) ကုန်းကျောက်များတွင် အခွံညက်ခြင်း၊ ရွခြင်းရှိလျှင် ကျောက်သားကောင်းတတ်ပြီး အခွံ ကြမ်းခြင်း၊ မညီခြင်းရှိလျှင် ကျောက်သားညံ့တတ်သည်။
(၅) ရေကျောက်တွင် အခွံညက်ခြင်း၊ ချောခြင်း၊ အဆီတက်ခြင်းရှိလျှင် ကျောက်သားကောင်း တတ်ပြီး အခွံကြမ်းခြင်း၊ မညီခြင်းရှိလျှင် ကျောက်သားညံ့တတ်သည်။
(၆) ကတေကျောက်များတွင်ချော်ထူခြင်း၊ ကပ်ခြင်းရှိလျှင် ကျောက်သားပျက်တတ်ပြီး၊ ချော်ရွခြင်း၊ ပါးခြင်းရှိလျှင် ကျောက်သားကောင်းတတ်သည်။
(၇) ငုတ်ဖဲ့ကျောက်စိမ်းများသည် အခွံမရှိဘဲ အဖြူရောင်၊ ဖယောင်းချော်တက်နေသည့် အနေ အထားတွေ့ရပြီး အတွင်းသားကို မြင်တွေ့ရသည့်အတွက် အစိမ်းရောင်၊ ခရမ်းရောင် ပါဝင်မှု ရှိ/မရှိ ထင်ရှားစွာမြင်ရ၍ အရည်ကျောက်၊ အထည်ကျောက်၊ အသားကျောက် အမျိုးအစားကို အလွယ်တကူသတ်မှတ်နိုင်ပါသည်။
ဆက်လက်ဖော်ပြပါမည်....
ကျောက်သမားမိတ်ဆွေအားလုံး မင်္ဂလာကျောက်ကောင်း ကျောက်မြတ်များ ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏
သင်ဆရာ၊ မြင်ဆရာမျာ၊ ကြားဆရာ များအား လေးစားလျက်🙏🙏🙏
Crd to 👉👉👉ကျောက်စိမ်းတူးဖော်ရေး
Wednesday, August 12, 2020
ကျောက်စိမ်းရိုင်းရေမဆေးလုံးစွပ်ခွဲခြားနည်းများ (၁)
Subscribe to:
Post Comments (Atom)
ကျေက်စိမ်းအရည်ဝင်ပုံ (အရည်များအကြောင်း)
ဂျေဒိုက်ကျောကိစိမ်းတွင်အစိမ်းရည်ဝင်ပုံများကို လေ့လာကြည့်သောအခါအစိမ်းရောင်အတည့် အရည်ဟူ၍တွေ့ရဖို့ခဲယဉ်းလှပါသည်။ အစိမ်းရောင်ကို အပြာရောင်ရော...
-
ကျောက်စိမ်းကို အနောက်တိုင်းသားများက သိပ်အလေးအနက်မထားသော်ငြား အရှေ့ဖျားတိုင်းသားများ အထူးသဖြင့် တရုတ်အပါအဝင် ဂျပန် နှင့်ကိုးရီးယားတို့ တွင်အလ...
-
ဂျေဒိုက်ကျောကိစိမ်းတွင်အစိမ်းရည်ဝင်ပုံများကို လေ့လာကြည့်သောအခါအစိမ်းရောင်အတည့် အရည်ဟူ၍တွေ့ရဖို့ခဲယဉ်းလှပါသည်။ အစိမ်းရောင်ကို အပြာရောင်ရော...
-
👇 (က) ကျောက်စိမ်းရိုင်းများကို လုံးစွပ်အတိုင်းအမျိုးအစားခွဲခြားနိုင်ရန် အောက်ဖော်ပြပါအချက်များကို ထည့်သွင်းစဉ်းစားတွက်ချက်ရမ...
No comments:
Post a Comment